- မူရင်းစာမျက်နှာ »
- Android Application »
- Android ဖုန်းတွင် Image ဖိုင်များကို PDF အဖြစ် ပြောင်းလဲခြင်း
ရေးသားသူ : Christ Leo
Sunday, June 26, 2016
စာရွက် စာတမ်းတွေကို ဓာတ်ပုံ Image ဖိုင် အနေနဲ့ အလွယ် တကူ မှတ်တမ်းတင် သိမ်းဆည်း ထားသူတွေ အတွက် Image ဖိုင်တွေကို PDF ဖိုင် အနေနဲ့ ပြောင်းလဲ သိမ်းဆည်းတဲ့ နည်းလေးကို ဖော်ပြ ပေးလိုက် ပါတယ်။
အဲလိုမျိုး ဖုန်းကင်မရာ အသုံးပြုပြီး အချက် အလက် ဖိုင်တွေကို Image အနေနဲ့ ရိုက်ကူး ထားတာကို PDF အဖြစ် ပြောင်းဖို့ အတွက် Image to PDF Converter Application ကို လိုအပ်မှာ ဖြစ်ပါတယ်။
ဒီ App ကို Google PlayStore မှာ အခမဲ့ အနေနဲ့ ရယူနိုင်မှာလည်း ဖြစ်ပါတယ်။
https://play.google.com/store/apps/details?id=bage.image2pdf&hl=en ဖော်ပြပါ Link ကနေသွားယူနိုင်သလို PlayStore မှာ Image to PDF Converter လို့ ရိုက်ပြီးလည်း ရှာနိုင်မှာ ဖြစ်ပါတယ်။
အခု App ကို အသုံးပြုပြီး Image တွေကို PDF အနေနဲ့ ပြောင်းလဲပုံ အဆင့်ဆင့်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဦးစွာဖုန်းထဲကို Install လုပ်ထားတဲ့ Image to PDF... App ရဲ့ icon လေးကို နှိပ်ပြီးဖွင့်လိုက်ပါ။

အဖြူရောင်မြင်ကွင်း တစ်ခု ပေါ်လာမှာ ဖြစ်ပြီး မြင်ကွင်းရဲ့ ဘယ်ဘက်အပေါ် ထောင့်နားက သင်္ကေတ ပုံတွေထဲက ( + ) သင်္ကေတလေးကို နှိပ်လိုက်ပါ။

( + ) သင်္ကေတလေးကို နှိပ်လိုက်ရင်တော့ ကိုယ့်အနေနဲ့ Image ဖိုင်အနေနဲ့ သိမ်းဆည်းထားတဲ့ ဖိုင်တွေပေါ်လာမှာ ဖြစ်ပါတယ်။ ကိုယ်စုစည်း သိမ်းဆည်းထားတဲ့ Image ဖိုင်ကို ရွေးချယ်လိုက်ပါ။ ကိုယ်က PDF အနေနဲ့ တစ်စုတစ်စည်းတည်း ပြုလုပ်လိုတဲ့ Image တွေကို တစ်ခုချင်း ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

ကိုယ့်အနေနဲ့ PDF အဖြစ် ပြောင်းလဲလိုတဲ့ Image တွေကို နှိပ်ပြီး ရွေးဖို့အတွက် မြင်ကွင်းရဲ့ ညာဘက်အပေါ် ထောင့်နားက Selection သင်္ကေတလေးကို နှိပ်ပါ။

ပြီးရင်တော့ PDF ဖိုင်အဖြစ် ပြောင်းလဲမယ့် Image တွေကို သေချာရွေးချယ်ပေးပါ။ ရွေးချယ်လို့ ပြီးသွားရင်တော့ Selection သင်္ကေတဘေးနား ကပ်လျက်က အမှန်ခြစ်လေးကို နှိပ်ပေးပါ။

အဲလို အမှန်ခြစ်လေးကို နှိပ်လိုက် ရင်တော့ ဖိုင်တွေကို App ကနေ ဖိုင်နာမည်ပေါ် မူတည်ပြီး အစဉ်လိုက် စီပေးမှာ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ အပေါ်-အောက်၊ အောက်- အပေါ်
ပြန်ပြောင်း စီနိုင်သလို Image အနေနဲ့ မှတ်တမ်း ယူခဲ့တဲ့ အချိန်ပေါ် မူတည်ပြီးလည်း ဖိုင်အစီအစဉ်ကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။
အဲဒီလိုပြောင်းလဲဖို့အတွက် မြင်ကွင်းဘယ်ဘက်အ ပေါ်ထောင့်နား ( + ) သင်္ကေတ ကပ်လျက်က Sort icon သင်္ကေတလေးကို နှိပ်လိုက်ပါ။

Sort icon ကို နှိပ်လိုက်ရင်တော့ အောက်မှာပြထားသလို ဖိုင်တွေကို အပေါ်-အောက်၊ အောက်-အပေါ် ဒါမှမဟုတ် အချိန်ပေါ်မူတည်ပြီး ဖိုင်တွေကို စီဖို့အတွက် မြင်ကွင်းတစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အောက်ကနေအပေါ် စီစဉ်တဲ့ဟာကို ရွေးထားပါတယ်။

အဲလိုမျိုး အောက်-အပေါ်၊ အပေါ်-အောက်အနေနဲ့ မစီချင်ဘူး ကိုယ့်စိတ်ကြိုက်အနေနဲ့ manual စီချင်ရင်လည်း ပြန်ပြီးစီနိုင်မှာ ဖြစ်ပါတယ်။ အဲလိုစီဖို့အတွက် Image တစ်ခုချင်းစီရဲ့ ညာဘက်ဘေးမှာပါတဲ့ လိုင်းသုံးခုစီထားတဲ့ သင်္ကေတလေးကိုဖိပြီး မိမိလိုသလို အပေါ်အောက် စီနိုင်ပါတယ်။

ကိုယ့်စိတ်ကြိုက် ဖိုင်တွေကို စီပြီးလို့ရှိရင်တော့ Image ဖိုင်တွေကို PDF အနေနဲ့ ပြောင်းလဲဖို့အတွက် ခုနကနှိပ်ခဲ့တဲ့ Sort icon ဘေးကပ်လျက်က PDF icon လေးကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်မယ်ဆိုရင် ကိုယ့်အနေနဲ့ PDF အနေနဲ့ပြုလုပ်မယ့် Image တွေရဲ့ ဖိုင်အရည်အသွေးကို ပြန်လည်သတ်မှတ် နိုင်ဖို့အတွက် မြင်ကွင်းတစ်ခု ပေါ်လာမှာပဲ ဖြစ်ပါတယ်။
ကိုယ့်အနေနဲ့ ပြောင်းလဲသတ်မှတ်ချင်ရင်တော့ Set the Max width and the Max height ဆိုတာကို ရွေးချယ်ပြီး လိုချင်တဲ့ အလျား၊ အနံကို အောက်က Max Width နဲ့ Max Height ဆို တဲ့ထဲမှာ ဖြည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ အခုတော့ Don't resize image ဆိုတာကိုပဲ ရွေးပါမယ်။
ပုံတွေကို နဂိုအတိုင်းပဲ PDF အဖြစ်ပြောင်းမှာမို့လိုပါ။ ပြီးရင်တော့ အောက်ဘက်က Save PDF ဆိုတာကို နှိပ်ပါမယ်။

မြင်ကွင်းပေါ်မှာ Done! ဆိုတဲ့ စာသားပေါ်လာပြီ ဆိုရင်တော့ Image ဖိုင်တွေကို PDF အနေနဲ့ ပြောင်းလဲခြင်း အဆင့်ပြီးဆုံးပြီ ဖြစ်ပါတယ်။ အောက်ဘက်နားမှာတော့ ဖိုင်ကို ဖုန်းရဲ့ဘယ်နေရာမှာ သိမ်းထားတယ်ဆိုတဲ့ စာသားကိုပါ ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။

အောက်ဘက်နားမှာတော့ Image တွေကို PDF အနေနဲ့ ပြောင်းလဲလိုက်တဲ့ ဖိုင်ကို ဖွင့်မလားဆိုတဲ့ Open PDF ဘားတန်းတစ်ခုနဲ့ တခြားသူ တွေဆီကို ချက်ချင်း မျှဝေဖို့အတွက် Send to ဆိုတဲ့ ဘားတန်းနှစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး မိမိအနေနဲ့ နှစ်သက်ရာကို ရွေးချယ်နိုင်မှာလည်း ဖြစ်ပါတယ်။

အခုဆိုရင်တော့ ဖုန်းထဲက Image ဖိုင်တွေကို PDF အနေနဲ့ ပြောင်းလဲခြင်း ပြီးဆုံးပြီပဲ ဖြစ်ပါတယ်။
Internet journal.media By : ရဲထွဋ်ဝင်း
Download ဆွဲနည်း
Download ကိုနှိပ်ပါ
5 Sec စောင့်ပါ
SKID AD ကိုနှိပ်ပါ
လိုချင်တာကိုဆွဲလို့ရပါပြီ..
အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်

Facebook Account ဖြစ်တဲ့