
Xiaomi ဟာအခုဆိုရင် ကမ္ဘာ့အကြီးဆုံး Smartphone ထုတ်လုပ်တဲ့
ထိပ်ဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ Xiaomi ဟာ နာမည်အရမ်းကြီးလာတာနဲ့အမျှ
အတုထုတ်လုပ်သူတွေလည်း ရှိလာပါတယ်။ ဒါကို Xiaomi အနေနဲ့ သူ့ထုတ်ကုန်တွေကို
အစစ်နဲ့အတု ခွဲခြားနိုင်ဖို့အတွက် Apps ထုတ်ပေးထားတာရှိပါတယ်။ Apps နာမည်က
Mi Verification လို့အမည်ရပါတယ်။ အဆိုပါ Apps ကိုအသုံးပြုဖို့အတွက် သင့်ရဲ့
Devices မှာ Internet Connection နဲ့ Performance mode ကို Enable
လုပ်ပေးဖို့လိုအပ်ပါတယ်။ Apps ကို Download ဆွဲဖို့အတွက်
http://pc.cd/K0h7 ဒီ Links မှာ ဆွဲနိုင်ပါတယ်။ Apps အသုံးပြုရတာ အရမ်းလွယ်ကူရိုးရှင်းပါတယ်။
တစ်ခုတော့ရှိပါတယ်။ PC (or) Devices တစ်ခုခုကနေ Browser တစ်ခုခုမှာ
https://jd.mi.com/
ကိုဖွင့်ပြီး QR Code Scan လုပ်ပေးရမှာဖြစ်တဲ့အတွက် လိုအပ်ပါတယ်။ QR Code
ကို Scan လုပ်ပြီးတာနဲ့ အဆိုပါ Apps က သင့်ရဲ့ဖုန်း Hardware တွေကို
စစ်ဆေးပြီး Verify လုပ်ပြီး QR Code Scan လုပ်တဲ့ Webpage မှာ
သင့်ဖုန်းနဲ့ပတ်သတ်ပြီး Verified Result ကို ထုတ်ပေးမှာဖြစ်ပါတယ်။
အောက်ဖော်ပြပါ ပုံတွေတစ်ခုချင်းဆီမှာ အဆင့်ဆင့်ဆောင်ရွက်ပုံတွေကိ
ု
အသေးစိတ်ရေးပြထားပါတယ်။ လေ့လာကြည့်ပြီး ကိုယ်တိုင်လုပ်ကြည့်ပါ။
ပြည်တွင်းဝင်လာတဲ့ Xiaomi ဖုန်းတွေမှာတော့ များသောအားဖြင့် Purchased on
Date နဲ့ Warranty Date ကို ဖော်ပြပေးမှာမဟုတ်ပါဘူး။ ဒါပေမယ့်…
ဒါကြောင့်နဲ့ သင့်ဖုန်းဟာ အတုလို့ သံသယ၀င်ဖို့မလိုအပ်ပါဘူး။ အဆိုပါ
Verified Result ထွက်တဲ့ အစိမ်းရောင် Screen Webpage ထိရောက်ပြီဆိုရင်ပဲ
သင့်ဖုန်းဟာ Xiaomi ဖုန်း အစစ်ဖြစ်ကြောင်း ပြောလို့ရပါပြီ။ Xiaomi
ဖုန်းအတုဆိုရင် Result မထွက်လာပါဘူး။ Apps က Hardware ID တွေဘာတွေ
တိုက်စစ်တာဖြစ်တဲ့အတွက် QR Code နဲ့တိုက်စစ်တာတွေပါ ခံထားတာဖြစ်တဲ့အတွက်
ဖြစ်ပါတယ်။
***
(( အလွယ်ကူဆုံးသော Xiaomi ဖုန်းအစစ်လား၊ အတုလား ခွဲချင်ရင်တော့၊ MIUI
Official ROM သာ တင်ကြည့်လိုက်ပါ။ Xiaomi ဖုန်းအတုဆိုရင် MIUI Official ROM
တင်လို့ကို မရပါဘူးခင်ဗျာ ))
Credit >>> Mi Myanmar