ရေးသားသူ : Christ Leo Friday, April 1, 2016

သူငယ်တန်းသားသား မီးမီးလေးတွေအတွက် သင်ထောက်ကူ application လေးတွေ
ဖြစ်ပါတယ်။ ဒီ application လေးတွေကနေ သားသားမီးမီးလေးတွေကို သင်ပြပေးနိုင်တဲ့အပြင်
မရိုးရအောင် game ပုံစံလေးတွေနဲ့ပါ ထည့်သွင်းပေးထားတာကြောင့် သင်ကြားရလွယ်ကူစေပါတယ်။
မိဘများအနေနဲ့ ရယူထားသင့်ပါတယ်။

Grade 01 Myanmar ( MM ) apk
……………………………………………

သူငယ်တန်းမြန်မာစာဂိမ်းတွင် ကလေးငယ်များ မြန်မာဘာသာကို ပျော်ရွှင်စွာ ဆော့ကစားသင်ယူနိုင်မှာ ဖြစ်ပါတယ်။ ဖတ်စာများ နှင့် ကဗျာများကို ချစ်စရာလှုပ်ရှားမှု ရုပ်ပုံလေးများနှင့်အတူ ကဗျာရွတ်ဆိုသံများ ဖတ်စာရွတ်ဆိုသံများ ပါဝင်ခြင်းကြောင့် ကလေးငယ်များ မှတ်မိလွယ်ကူစေမှာဖြစ်ပါတယ်။
ကလေးငယ်များ၏ မှတ်ဥာဏ်စွမ်းရည်ကို ပြန်လည် စွမ်းသပ်နိုင်ရန် ဂိမ်းကစားနည်းကဲ့သို့သော ဉာဏ်စမ်း စာမေးပွဲအသေးစားများ ၊ စာမေးပွဲတွင် အထောက်အကူပြုပေးနိုင်သော ဂိမ်းများကို ထည့်သွင်းပေးထားပါတယ်။
ကလေးငယ်များ ဖတ်စာများကို ဘယ်လောက်မှတ်မိသလဲဆိုတာ စမ်းသပ်နိုင်ဖို့ မှန်ကန်သော ပုံကိုရွေးချယ်ရသော ဂိမ်းများ၊ ကွက်လပ်ဖြည့် ဂိမ်းများ၊ မှား/မှန် ရွေးချယ်ရသော ဂိမ်းများ အစရှိသော ဂိမ်းများ၊ မြန်မာအရေးအသားတိုးတက်စေရန် မြန်မာစာ စကားလုံးပေါင်း သတ်ပုံများကို မှန်ကန်စေရန် စာလုံးပေါင်း သတ်ပုံအမှန် ရွေးချယ်ရသောဂိမ်းများ အစရှိတဲ့ ဂိမ်းပုံစံ မျိုးစုံ ပါဝင်ပါတယ်။ ဂိမ်းများအားလုံးကို ဖတ်စာနှင့် ကဗျာထဲမှ စာများကိုပဲ ဥာဏ်စမ်း ဂိမ်းလေးများအဖြစ် ပြုလုပ်ပေးထားပါတယ်။
လေ့လာမှုဇယား ကလေးငယ်များ ဘယ်ကဏ္ဍကို ဘယ်လောက်လေ့လာထားလဲ ဆိုတာ မိဘများ ကြည့်ရှုနိုင်ရန် လေ့လာမှုဇယားလည်း ပါဝင်ပါတယ်။ လေ့လာမှုဇယားထဲတွင် ကလေးငယ်များ ဘယ်လောက် လေ့လာထားသလဲ ၊ အမှန်များသလား ၊ အမှားများသလား ဆိုတာ အသေးစိတ်ကို မိဘများအနေဖြင့် ပြန်လည်ကြည့်ရှူ့နိုင်ပါတယ်။
ပါဝင်မှုများ – ပျော်ရွှင် စိတ်လှုပ်ရှားစရာ လှုပ်ရှားမှု ရုပ်ပုံများ ပါဝင်ခြင်း – ဖတ်စာပေါင်း (၁၀) ကျော် ပါဝင်ခြင်း – ကဗျာပေါင်း (၂၀) ကျော် ပါဝင်ခြင်း – ဂိမ်းပေါင်း (၈၀) ကျော် ပါဝင်ခြင်း – လေ့လာမှုဇယား ပါဝင်ခြင်း

Download 


Grade 01 English ( MM ) apk
………………………………………..
 
သူငယ်တန်း အင်္ဂလိပ်စာ ဖတ်စာတွင် အေ မှ ဇက် (အကြီး ၊ အသေး ) အထိ အက္ခရာများ ၊ အင်္ဂလိပ်နံပါတ်များ ကို ရောင်စုံ ချစ်စဖွယ် ရုပ်ပုံလေးများနှင့် အသံထွက်များ ပါဝင်ပါသည်။ အရေအတွက်ပေါင်း (၆၀) ကျော် ဉာဏ်စမ်းပဟေဋ္ဌိ ဆန်ဆန် ဂိမ်းကစားနည်း မြောက်များစွာ ပါဝင်ပါသည်။ ဂိမ်းကစားနည်း တစ်ခုချင်းစီတွင် ကစားနည်း ထပ်သွားခြင်းမျိုး မရှိပဲ ဉာဏ်စမ်းမေးခွန်းပုံစံ အသစ်များကို ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။
ကစားပုံ ကစားနည်း
ရုပ်ပုံလေးများကို ထိတွေ့လိုက်ခြင်းဖြင့် သက်ဆိုင်စကားလုံးများကို စာလုံးပေါင်းအသံထွက်လေးများထွက်ပေါ်လာမှာဖြစ်ပါတယ်။ ဥပမာ – “အေ” အက္ခရာတွင် ပုရွက်ဆိတ် ရုပ်ပုံလေးကို ထိတွေ့လိုက်ရုံဖြင့် a , n , t (ant) ဆိုပြီး အက္ခရာတစ်လုံးချင်းစီကို အသံထွက်ပြီး စာလုံးပေါင်းပေးမှာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ ဂိမ်းကစားနည်းများကိုလည်း လှုပ်ရှားမှုရုပ်ပုံလေးများနှင့် မေးခွန်းများအလိုက် ဆော့ကစားရမှာ ဖြစ်ပါတယ်။ ဂိမ်းကစားနည်းတိုင်းတွင် အချိန်အကန့်အသတ် ပါဝင်ခြင်းကြောင့် ကလေးငယ်များ၏ စာရေးနှုန်း ပိုမိုမြန်ဆန်လာစေနိုင်ပါတယ်။
ပါဝင်သော ဂိမ်းကစားနည်းများ :
– ကွက်လပ်ဖြည့်ခြင်း – အက္ခရာများ အစဉ်လိုက် စီခြင်း – ဂဏန်းများကို စာလုံးပေါင်းခြင်း – ရုပ်ပုံကိုကြည့်၍ စာလုံးပေါင်းခြင်း – ရုပ်ပုံ နှင့် စာသား ယှဉ်တွဲခြင်း – နံပါတ်များကို အစဉ်လိုက် ပြန်လည် စီပေးခြင်း – ဂဏန်းများကို ရွေးခြယ်ခြင်း – ရုပ်ပုံ၏ စကားလုံးအမှန်ကို ရွေးခြယ်ခြင်း – ရုပ်ပုံကိုကြည့်၍ ကွက်လပ်ဖြည့်ခြင်း – အက္ခရာများကို အစဉ်လိုက် ပြန်လည် စီပေးခြင်း အပြင် အခြား ဂိမ်းများစွာ ပါဝင်ပါတယ်။
လေ့လာမှုဇယား
ကလေးငယ်များ ဘယ်ကဏ္ဍကို ဘယ်လောက်လေ့လာထားလဲ ဆိုတာ မိဘများ ကြည့်ရှုနိုင်ရန် လေ့လာမှုဇယားလည်း ပါဝင်ပါတယ်။ ကလေးငယ်များ ဘယ်စာလုံးက မှန်တာများသလဲ ၊ ဘယ်စာလုံး အမှားများသလဲ ၊ ထို့အပြင် ဥာဏ်စမ်းဂိမ်းကစားနည်း တစ်ခုချင်းစီ၏ အားသာချက် ၊ အားနည်းချက်များကို အသေးစိတ် ကြည့်ရှုနိုင်ရန် ထည့်သွင်းပေးထားပါတယ်။
ကလေးတို့ရွာ၏ သူငယ်တန်းစာ အင်္ဂလိပ်စာဂိမ်းလေးကို ကစားခြင်းဖြင့် ကလေးငယ်များ အင်္ဂလိပ်စာကို ယခင်ကထက် ပိုမိုစိတ်ပါဝင်စားလာပြီး အတန်းပညာတွင်မှာပါ တိုးတက်လာမယ်လို့မျှော်လင့်ပါတယ်။

Download

Grade 01 Match ( MM ) apk
………………………………………..
 
ဒီ Application က မူကြိုအရွယ် ကလေးများအတွက်…. ကျောင်းနေအရွယ် သူငယ်တန်း ကလေးများအတွက်ပါ… အသုံးဝင်မဲ့ Application လေးပါ… သူ့မှာ ပထမဆုံး ၁ ၂ ၃ ဆိုပုံဆိုနည်းလေးပါပါတယ်… ပြီးတော့ သင်္ချာ အပေါင်းအနုတ် တွက်ရမဲ့ Game လေးပါပါတယ် အပေါင်းအနုတ် နှစ်မျိုးပဲ ထည့်ပေးတားပါတယ် အဲတာမှ ကလေးတွေ လက်နဲ့တွက်ချက်ရအဆင်ပြေအောင်လို့ပါ… ဒီ Application ကို နောက်ပိုင်းကျရင်… Update version အတွက် ထပ်လုပ်ဖို့စဉ်းစားတားပါတယ်… Update Version မှာမဲ့ Feature တွေကတော့… * အမှတ်ဇယားတွေပါပြန်ကြည့်လို့ရမယ်… * အချိန်နဲ့ပါဆော့ကစားလို့ရပါမယ်…. * ကလေးရဲ့နာမည်လေးတွေ ဓာတ်ပုံလေးတွေထည့်ပြီးဆော့ကစားလို့ရပါမယ်… * မိဘကိုယ်တိုင်က ကလေးရဲ့ အရည်အချင်းကိုဝင်ကြည့်လို့ရအောင် Socre အတွက်ပါပါမယ်… အကို အဲဒါ အပြည့်စုံ ဆုံး လုပ်နည်းပဲ ကြည့်လိုက်

Download 

အဆင်ပြေကြပါစေ

ေ၊ရာင်ပြန်လေး(နည်းပညာ)

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -