ရေးသားသူ : Christ Leo Tuesday, April 19, 2016

စမတ်ဖုန်းထဲမှာ မလိုအပ်တဲ့ app တွေသွင်းထားခြင်းဟာ ဖုန်းရဲ့ storage မှာလည်းနေရာယူသလို ဖုန်းရဲ့ Performance နဲ့ Battery ကိုလည်းလျော့ကျစေပါတယ်။ အခုပြောပြမှာကတော့ သင့်ရဲ့ Android စမတ်ဖုန်းထဲမှာမထားသင့်တဲ့ Application ၃ မျိုးအကြောင်းပါ။

  1. Clean Master app သို့မဟုတ် တခြား Cleaning app/RAM Booster app များ

Clean Master ကဲ့သို့သော စမတ်ဖုန်းရဲ့မလိုအပ်တဲ့ဖိုင်များကိုရှင်းလင်းပေးမယ် ၊ သုံးရတာနှေးနေတာကိုပေါ့ပါးအောင်လုပ်ပေးမယ်ဆိုတဲ့ app တွေဟာ အမှန်တကယ်တော့ စမတ်ဖုန်းထဲမှာသွင်းထားစရာမလိုတဲ့ app တွေဖြစ်ပါတယ်။ ဒီ app တွေသွင်းထားလို့ဖုန်းကထူးထွေပြီး သုံးရတာပေါ့ပါးမသွားတဲ့အပြင် ဒီ app တွေကြောင့်ဖုန်းရဲ့ Battery အားကုန်စေသလို ဒီ app တွေကနေတဆင့် အွန်လိုင်းကြော်ငြာတွေတက်တက်လာလို့ စိတ်အနှောင့်ယှက်ဖြစ်ရ ၊ ကြော်ငြာတွေပေါ်ဖို့ ဖုန်း internet data သုံးရလို့ ဖုန်းမှာမလိုအပ်ဘဲ ဘေလ်ကုန်ရတာတွေပဲအဖတ်တင်မှာပါ။ ဘယ် cleaning app မှသွင်းစရာမလိုဘဲ ဖုန်းကိုအသုံးပြုရလေးလံစေမယ့်အရာတွေကိုရှင်းလင်းပေးမယ့် စနစ်က Android စမတ်ဖုန်းများမှာမူလကတည်းကပါဝင်ပြီးသားပါ။ ဖုန်းရဲ့ setting > storage ထဲက Cached data ကိုနှိပ်ပြီး Clear Cached Data ကိုနှိပ်ခြင်းအားဖြင့်လည်း ဖုန်းမှာမလိုအပ်တဲ့ cache data တွေကိုဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။

Settings > Apps > Downloaded ထဲက app တစ်ခုချင်းစီထဲကိုဝင်ပြီးတော့လည်း Clear Cache နှိပ်ပေးခြင်းဖြင့်လည်း ရှင်းလင်းနိုင်ပါတယ်။ 

2. Battery Saver app များ

ဖုန်းရဲ့ဘက်ထရီအားစားနှုန်းကိုသက်သာအောင်လုပ်ပေးမယ်ဆိုတဲ့ App တွေဟာလည်းအမှန်တကယ်အားဖြင့် ဖုန်းကိုဘက်ထရီအားပိုစားစေမှာဖြစ်ပါတယ်။ ယင်း App တွေဟာများသောအားဖြင့် ဖုန်းထဲမှာ Run နေတဲ့ Battery အားပိုမိုသုံးစွဲတဲ့ app တွေကိုရပ်ပစ်တဲ့နည်းလမ်းနဲ့ Battery အားကိုပိုခံစေတယ်ဆိုပေမယ့် မဖြစ်မနေ run နေအောင်ပြုလုပ်ထားတဲ့ app တွေကိုဘယ်လိုမှပိတ်ပစ်လို့မရပါဘူး ။ Force Stop လုပ်လည်းသူ့ဘာသူပြန် run နေမှာဖြစ်တဲ့အတွက် ဒီဖြစ်စဉ်ကိုထပ်ခါထပ်ခါလုပ်ဆောင်နေမယ်ဆိုရင် Battery အားသုံးစွဲမှုကိုပိုမိုမြင့်တက်လာစေမှာသာရှိပါတယ်။ ဒါ့အပြင် Cleaning App တွေလိုပဲ  ဒီ app တွေကနေတဆင့် အွန်လိုင်းကြော်ငြာတွေတက်တက်လာလို့ စိတ်အနှောင့်ယှက်ဖြစ်ရ ၊ ကြော်ငြာတွေပေါ်ဖို့ ဖုန်း internet data သုံးရလို့ ဖုန်းမှာမလိုအပ်ဘဲ ဘေလ်ကုန်ရတာတွေပဲအဖတ်တင်မှာပါ။ အခုနောက်ပိုင်းထွက် Android ဖုန်းတွေမှာတော့ Battery အားချွေတာတဲ့လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးမယ့် function တွေကို Built-in အနေနဲ့ထည့်သွင်းပေးလာကြပါပြီ။ ဒီလိုဖုန်းတွေမှာဆို Battery Saver app တွေသွင်းထားဖို့ပိုလို့တောင်မလိုအပ်သေးတာဖြစ်ပါတယ်။

3. Facebook app နှင့် Messenger app များ 

Facebook app ဟာ ဖုန်းရဲ့ ဘက်ထရီအားကိုအသုံးစွဲဆုံး app တစ်ခု ဖြစ်ပါတယ်။ Facebook ရဲ့ messenger app ဟာလည်းအလားတူပါပဲ။

Facebook app ကိုဖွင့်မသုံးနေလည်း ဒီ app တွေက အမြဲ run နေတဲ့ Battery အားကတော့အချိန်တိုင်းသုံးစွဲနေတာဖြစ်ပါတယ်။  ဒီ app ၂ ခုကိုဖုန်းမှာသွင်းမထားရင် ဖုန်းရဲ့ Battery အားသုံးစွဲချိန်ဟာအရင်ထက်ပိုမိုအသုံးခံမှာပါ။ ဒါကြောင့် Facebook သုံးစွဲတဲ့အခါ Facebook app ကိုမသုံးဘဲ Webpage ကြည့်တဲ့ Internet Browser ဖြင့် Facebook Website ကိုအသုံးပြုကြည့်ရှုခြင်းက ဖုန်းရဲ့ဘက်ထရီအားကိုပိုမိုအသုံးခံစေမှာပါ။ ဒါပေမယ့် Facebook app မှာသုံးရတာလောက် Feature မစုံလင်တဲ့အတွက် User တွေကတော့ ဒီအချက်ကိုနှစ်သက်ကြမှာမဟုတ်ပါဘူး။

တခြားရော ဘယ်လို app တွေကို ဖုန်းထဲကနေဖယ်ရှားသင့်သေးသလဲ ?
ဖုန်းရဲ့ Setting> Battery ထဲကိုဝင်လိုက်ရင် ဖုန်းရဲ့ Battery ကိုအများဆုံးသုံးစွဲနေတဲ့ app တွေကိုအစဉ်လိုက်တွေ့မြင်ရမှာပါ။ Battery အားအများဆုံးသုံးစွဲနေတဲ့ app list မှာ ကိုယ်နေ့စဉ် အမြဲသုံးစွဲနေရတဲ့ app တွေကလွဲလို့အခြားအသုံးမလိုတဲ့ app တွေက ဘက်ထရီအားအသုံးဆုံးနေရာတွေမှာရှိနေရင် ယင်း app တွေကိုဖုန်းထဲကနေဖယ်ရှားသင့်ပါတယ်။


Ref: AndroidPIT
Credit ...Thet Naing Soe

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -