- မူရင်းစာမျက်နှာ »
- OTHER ebooks »
- Android အကြောင်း သိမှတ်ဖွယ်ရာများ – အပိုင်း ( ၁ )
ရေးသားသူ : Christ Leo
Thursday, June 4, 2015
Android အကြောင်းကိုအခြခံကနေပြီး သိရှိထားတဲ့သူတွေရှိကြသလို မသိရှိရသေးတဲ့သူတွေလဲ အများအပြားရှိကြမှပါ။
ဒါကြောင့်ကျတော်တို့ ကနေပြီး ပြန်လည်ပြီး အပောာင်းလေးကို အသစ်တဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။
တစ်နေ့ကို နဲနဲဆီအပိုင်းလေးတွေခွဲပြီး တင်ဆက်ပေးသွားပါမယ်။ အများကြီးကိုတစ်ခါထဲ ရေးလိုက်ရင်လဲ စာဖတ်သူဝါသနာရှင်တွေအတွက်
အချိန်ပေးနိုင်ချင်မှပေးနိုင်မှာ ဖြစ်တာကြောင့် ခွဲပြီးတင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

အပိုင်း ( ၁ )
…………….
…………….
– ABOUT ANDROID –
Android OS ကို Android INC မှ ပိုင်ဆိုင်ထားပြီး Google မှ 2005 ခုနှစ်တွင်ဝယ်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာ
Android INC ကို Open Handset Alliance
အဖြစ်သတ်မှတ်လိုက်ပြီး Open Standard အနေနဲ့ဖြစ်စေကာ Mobile Device များရဲ့ အဓိကလည်ပတ်မှု့စနစ် ( Operating system ) အဖြစ်
အသုံးပြုစေခဲ့ပါတယ်။ Android ပာာ Open Source Project ဖြစ်ပြီး ပိုင်ဆိုင်သူတစ်ဦးတစ်ယောက်ရဲ့ မူပိုင်မဖြစ်စေပဲ
အားလုံးအတွက်ရယူနိုင်ကာပြင်ဆင်ဖြည့်စွက်ခွင့်များကိုလဲ ခွင့်ပြုထားပါတယ်။ သို့သော်လဲ Android INC ပာာ Google ရဲ့

လွှမ်းမိုးမှု့အောက်မှာသာ ဆက်လက်ရပ်တည်နေပါသေးတယ်။Android system ပာာ Linux ပေါ်မှာအခြေခံတည်ဆောက်ထားပြီး
Application Framework များနှင့် Native Libraries များ APIs များကို အခြခံအကျဆုံးသော
C Language ကို အသုံးပြုပြီးဖန်တီးထားတာဖြစ်ပါတယ်။
Linux ကို အသုံးပြုထားတာဖြစ်တာကြောင့်လည်း အခကြေးငွေပေးစရာမလိုပဲ အသုံးပြုနိုင်တာ
ဖြစ်ပါတယ်။ နာမည်ကျော် Sun Co-operation မှ Java စနစ်ကိုထောက်ပံ့ပေးကာ Apache Harmony ( Open Source Imple-mentation) အဖြစ်အသုံးပြုထားပါတယ်။ Programing Complie

နေရာတွင်လည်း အခပေးသုံးစွဲရသည့် Java Vitual Machine နှင့် အခြားသော complier များကိုအသုံးမပြုပဲ
Dalvik Virtual Machine ကို ထည့်သွင်းသုံးစွဲစေခဲ့သည်။

Dalvik Virtual Machine သည် အခမဲ့သုံးစွဲနိုင်ပြီး Google ရဲ့တီထွင်မှု့တစ်ရပ်လဲဖြစ်ပါတယ်။
သို့ရာတွင် Mobile Phone အမျိုးအစားအားလုံးပာာ Android system တစ်ခုထဲမှာသာ မှီခိုရပ်တည်နေတာမပာုတ်ပဲ

ထုတ်လုပ်သော Company များကို
လိုက်ပြီး Company များရဲ့ရွေးချယ်မှု့ Operating System အလိုက် ထုတ်လုပ်မှု့အပေါ်မှာ ကွဲပြားသွားပါတယ်။

ဥပမာအားဖြင့် Google ပာာ Android စနစ်ကို ထောက်ပံ့ပေးထားပြီး နာမည်ကျော် Samsung / Sony / HTC / နှင့် Huawei INC တို့က ရယူအသုံးပြုထား
ပါတယ်။ အခုနောက်ကိုင်းမှာတော့ Google ပာာလဲကိုယ်ပိုင် Phone အဖြစ် ထုတ်လုပ်လာခဲ့ပြီဖြစ်ပါတယ်။ သို့သော်လဲ Mobile Operating System တိုင်းသည်
Linux , Java နှင့် C++ ကို အခြပြုပြီး Windows APIs များတွင်သာ မှီခို အသုံးပြုထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
– VARIOUS ANDROID VERSIONS –

Android ကို ပထမဆုံး Version အဖြစ် 1.0 ကို 2008 Setember 23 မှာ HTC Dream (G1) ရဲ့ အဓိကမောင်းနှင်လည်ပတ်မှု့
အဖြစ်အသုံးပြုခဲ့ပါတယ်။ထိုမှ version 1.5 Cupcake ကို 2009 April လကုန်တွင် ဖြန့်ချီခဲ့ပါတယ်။ version 1.6 အဖြစ်
Donut နှင့် version 2.0 Eclairတို့ကို 2009 ခုနှစ်အတွင်းမှာပဲ ဖြန့်ချီပေးခဲ့ပါတယ်။ ထိုမှ version 2.2 သုံး Froyo နှင့် version 2.3 သုံး GingerBread တို့ ပေါ်ထွက်လာခဲ့ပါတယ်။ 2011 မှာ version 3.0 သုံးHoneycomb ထွက်ရှိလာခဲ့ကာ version 4 Icecream Sandwich ကို အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ version 4.2 Jelly Bean နှင့် version 4.3/4.4.- Jelly Bean များကိုပါသုံးစွဲခဲ့ကြပါတယ်။ အခု 2015 မှာတော့ version 5 Lollipop များကို အပြိုင်အဆိုင်အသုံးပြုကာ
ထုတ်လုပ်လာကြပြီဖြစ်ပါတယ်။
– အသေးစိတ်အားဖြင့် ဖော်ပြရရင်တော့ –
– Android 1.0
– Android 1.1
– Android 1.5 Cupcake
– Android 1.6 Donut
– Android 2.0 to 2.1 Eclair
– Android 2.2 to 2.3 Froyo
– Android 2.3 to 2.3.7 GingerBread
– Android 3.0 to 3.2Honeycomb
– Android 4.0 to 4.4.4 Ice-cream Sandwich
– Android 5.0 to above Lollipop တို့ပဲဖြစ်ပါတယ်။
– Android Settings –

Android OS တစ်ခုလုံးရဲ့ System ပိုင်းကိုထိန်းချုပ်ထားတဲ့ Android settings အကြောင်းလေးကို ရှင်းလင်းပြပေးပါမယ်။
ထုတ်လုပ်သော Company များရဲ့ ရွေးချယ်မှု့အရ Android Setting များပာာအနည်းငယ်ကွဲပြားခြားနားမှု့ရှိသော်လဲ
ယေဘုယျအားဖြင့်တော့ အတူတူပဲဖြစ်ပါတယ်။
(1) – Wireless & Networks Settings

Mobile OS မှ အခြားသော IT ပစ္စည်းများသို့ Network ချိတ်ဆက်အသုံးပြုတဲ့နေရာမှာ ဒီစနစ်ကိုအသုံးပြုပါတယ်။
Wireless အပြင် Bluetooth , USB စတာတွေကိုပါ အသုံးပြုနိုင်ပါတယ်။ ဒီစနစ်ထဲမှာပါဝင်တဲ့ အချက်လက်များကိုလဲ
ရှင်းပြပေးပါမယ်။
– Airplane mode –

Airplane mode funtion ကတော့အားလုံးသိရှိပြီးသားပါ။ ဖုန်းကို ဆက်သွယ်မှု့ဧရိယာပြင်ပရောက်ရှိစေရန် အသုံးပြုပါတယ်။
– Wifi –
– Wifi –
Wifi စနစ်ကတော့ သူများဆီကထုတ်လွှင့်ထားတဲ့ network ကို ရယူသုံးစွဲချင်တဲ့အခါ အသုံးပြုပါတယ်။ wifi စနစ်ကို အသုံးပြုရန်
အသေးစိတ်ကို wifi setting မှာ လေ့လာနိုင်ပါတယ်။
– Network Notification –

ဒီစနစ်ကတော့ အနီးအနားတွင် wifi ထုတ်လွှင့်ပေးမှု့ တစ်ခုခုရှိမည်ဆိုပါက အဆိုပါ Option ကိုဖွင့်ပေးထားပါက သိရှိနိုင်မှာဖြစ်ပါတယ်။
– WPS Button Connection –
– WPS Button Connection –
Wifi Protected Setup (WPS) သည် လုံခြုံစိတ်ချလွယ်ကူသော Wireless တစ်ခုအဖြစ်တည်ဆောက်ရန် အသုံးပြုပါတယ်။
ယင်းကိုရွေးချယ်ခြင်းဖြင့် Router ပေါ်မှ WPS ခလုတ်ကို နှိပ်ခြင်းဖြင့် Network name (SSID) နှင့် Password ကို ရိုက်ထည့်ရခြင်း
ဒုက္ခမှ ကင်းဝေးစေပါတယ်။
– Add Wifi Network –

Wifi Network တစ်ခုအတွင်းသို့စိတ်တိုင်းကျ ( Manually ) ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် အသုံးပြုပါတယ်။
Add Wifi Network ကို ရွေးချယ်ပြီး Network SSID ကိုရိုက်ထည့်ပြီး Security အတွက်ရွေးချယ်ပေးမည်ဖြစ်ကာ
အားလုံးပြီးစီးသွားပါက ရိုက်ထည့်ထားသော Network အတိုင်း ချိတ်ဆက်အသုံးပြုခွင့် ရရှိစေပါမည်။

– USB Utilities –
Utilities သည် ကွန်ပြူတာတွင်ဖုန်းကိုတပ်ဆင်ထားပါက Mass Storage အဖြစ် Data အထုတ်အသွင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
– Tethering & Portable Hostpot –
– Tethering & Portable Hostpot –
ကွန်ပြူတာ နဲ့ ဖုန်းကိုချိတ်ဆက်ပြီး Data Service (inernet) ကို အသုံးပြုသောအခါတွင် Computer အတွက် Network
ချိတ်ဆက်ရန်အတွက်သုံးပြီး Information Sharing လုပ်ဆောင်နိုင်ပါသည်။
USB Tethering ::: ဖုန်းကနေတစ်ဆင့် Computer သို့ USB ကနေတစ်ဆင့် Information Sharing ပြုလုပ်နိုင်ပါသည်။
ကွန်ပြူတာကိုချိတ်ဆက်ပြီး ယင်း option ကို on လိုက်ခြင်းဖြင့် ဖုန်းတွင်အသုံးပြုနေသော Data Service ကို
အသုံးပြုခွင့် ရရှိစေမှာဖြစ်ပါတယ်။ ထိုသို့အသုံးပြုရန် ဖုန်းအမျိုးအစားကိုလိုက်ပြီး Computer တွင်
သက်ဆိုင်သော Mobile Driver များကို ထည့်သွင်းထားဖို့လိုအပ်ပါသည်။

Portable Wifi Hostpot ::: ဖုန်းကနေ ကွန်ပြူတာသို့ ကြိုးမဲ့စနစ်ဖြင့် internet အသုံးပြုနိုင်ရန်အတွက် ဒီ option ကိုအသုံးပြုကြပါသည်။
ကွန်ပြူတာမှ မပာုတ်ဘဲ Wifi အသုံးပြုလို့ရတဲ့ ဖုန်းများပါ ရယူသုံးစွဲ နိုင်ပါသည်။ ယင်းစနစ်ကိုရွေးချယ်
အသုံးပြုရာတွင် Portable Wifi Hospot Setting ကို ချိန်ညှိထားရန် လိုအပ်ပါသည်။
– VPN Setting –

Virtual Private Network … Private Network တစ်ခုကိုတည်ဆောက်အသုံးပြုရန်အတွက် ဒီ option ကို အသုံးပြုကြပါတယ်။
များသောအားဖြင့် ဒီ option ကို စီးပွါးရေးလုပ်ငန်းကြီးများတွင် အသုံးပြုကြပါတယ်။

– Mobile Network –
Mobile Network နှင့်သက်ဆိုင်သော အချက်အလက် အခြေအနေများကို ထိန်းချုပ်ချိန်ညှိရာနေရာ တစ်ခုဖြစ်ပါတယ်။
Data Roaming ::: Data Roaming ဆိုသည်မှာ နိုင်ငံရပ်ခြားနေရာများအတွက် ဆက်သွယ်မှု့ကိုခွင့်ပြုပေးရန် ဆောင်ရွက်
ချက်တစ်ခုပင် ဖြစ်ပါသည်။

Access Point Name ::: Data Service ( Internet ) အသုံးပြုရန်အတွက် သက်ဆိုင်ရာ ကိုယ်အသုံးပြုတဲ့ SIM-card အမျိုးအစား
ပေါ်မူတည်ပြီး Access Point Name တစ်ခုသက်မှတ်ထားရန်လိုအပ်ပါသည်။ Access Point Name မသတ်မှတ်ထား
ပါက Add လုပ်ရန် လိုအပ်ပါသည်။ Add လုပ်ရန် setting key ကို နှိပ်ပြီး New APN ကို ရွေးချယ်ရမည်။
ထိုမှတစ်ဆင့် Name နှင့် APN တွင် အသုံးပြုလိုသော Network ကို Internet Service Provider မှ ပေးထားသော
နာမည်ကို ရိုက်ထည့်ရမည်။
* ( ဥပမာ – MPT SIM ရဲ့ Network ကို
အသုံးပြုမည်ဆိုပါက Name မှာ mptnet
APN မှာ mptnet
Telenor SIM ရဲ့ Network ကို အသုံးပြုမည်ဆိုပါက Name မှာ Telenor
APN မှာ internet
Ooredoo SIM ရဲ့ Network ကို အသုံးပြုမည်ဆိုပါက Name မှာ Ooredoo
APN မှာ internet ဆိုပြီး ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ )

Use only 2G Network ::: ဒီ option ကို အသုံးပြုခြင်းဖြင့် Battery အားကို အကုန်အကျသက်သာစေမည် ဖြစ်ပါတယ်။
Data Service ( Internet ) အသုံးပြုမည်ဆိုပါက 2G Network ကိုသာရရှိနိုင်မှာဖြစ်တာကြောင့်
Conection Rate ကို ကျဆင်းစေပါမည်။ တစ်ချို့သော Device များတွင် Use on 2G Network အစား
2G Network Only / 3G Network Only ဆိုပြီးပါဝင်ပါတယ်။ တစ်ချို့တွင် Network mode ပာူပြီးပါတက်ပြီး
Auto Mode / GSM Only / WCDMA Only ဆိုပြီး ကွဲပြားတက်ပါတယ်။ ထိုသို့မပါဝင်ပါက *#*#4636*#*#
ကိုဖုန်းခေါ်သော Dial pad မှ ရိုက်ထည့်ကာ Phoe Information သို့ဝင်ရောက်ပြီး လိုအပ်သော setting များကို
ပြောင်းလဲအသုံးပြုနိုင်ပါသည်။ သို့သော် Phone တိုင်းတွင် ဖော်ပြပါ mode မပါဝင်တက်ပါ။
– Network Operator –

ဖုန်းတစ်လုံးတွင် အသုံးပြုမဲ့ Network အမျိုးအစားကို ရွေးချယ်ရန်အတွက် အသုံးပြုပါသည်။
ကျတော်တို့ မြန်မာနိုင်ငံမှာတော့ Network Operator နည်းပါးခြင်းကြောင့် ထို option ကို အသုံးပြုမှု့လဲ နည်းပါးပါတယ်။
အခြားနိုင်ငံတွေမှာတော့ Network Operator များမှာ များပြားတာကြောင့် ထို option ကိုအသုံးပြုပြီး Operator များကို
စိတ်ကြိုက်အသုံးပြုကြပါတယ်။

အပိုင်း(၂)အနေနဲ့ဆက်လက်ဖော်ပြပေးပါမယ်
Credit>>Ko Htoo(MMAS)
ေ၊ရင်ာပြန်လေး(နည်းပညာ)