- မူရင်းစာမျက်နှာ »
- OTHER ebooks »
- ဖုန်းအားအမြန်သွင်းနည်း
ရေးသားသူ : Christ Leo
Sunday, May 3, 2015
သိပြီးသားသူတွေလည်း သိပြီးသား ဖြစ်ကြမှာပါ။ ဒါပေမယ့် မသိသေးတဲ့ သူများအတွက်လည်း ထပ်သိရအောင် မျှဝေပေးလိုက်ရ ပါတယ်။
ဖုန်းကို အားခပ်မြန်မြန်သွင်းချင်တယ် ဆိုရင် ဖုန်း ပါဝါ ပိတ်ပြီး သွင်းခြင်း ဖြစ်ပါတယ်။ ဖုန်း ပါဝါ ပိတ်ထားခြင်းကြောင့် အတွင်းက ပစ္စည်းများက ဓာတ်အား ထုတ်ယူစားသုံးခြင်း မရှိတာကြောင့် အားသွင်းတာ အတော်လေး မြန်ပါတယ်။ နောက်တစ်နည်းကတော့ Air Plane Mode ဖြစ်ပါတယ်။ Air Plane Mode ကတော့ ဆက်သွယ်ရေး ကိရိယာများကိုသာ ပိတ်ပြီး ကျန်တဲ့အစိတ်အပိုင်းများကို run နေစေပါသေးတယ်။ ဒါပေမယ့် သူကလည်း အားအဝင် မြန်ပါတယ်။
ဖုန်းအား ခပ်မြန်မြန်သွင်းချင်တယ်ဆိုရင် ဖုန်းဝယ်တဲ့အခါ Original ကြိုးနဲ့ Cable ကိုသာ သုံးစေချင်ပါတယ်။ အခြားသော brand မတူတဲ့ ကြိုးနဲ့ Adapter တို့မှာ ပါဝင်တဲ့ regulator က ဘယ်လောက် ကောင်းကောင်း အလုပ်လုပ်တယ် ဆိုတာ မသိပါဘူး။ နောက်တစ်ထပ် တစ်နည်းအနေနဲ့ အားသွင်းတာ မြန်ချင်တယ်ဆိုရင် Power Bank တွေနဲ့ သွင်းနိုင်ပါတယ်။
ကွန်ပြူတာ USB ပေါက်ကို ဖုန်း Cable ထိုးပြီး အားသွင်းတာဟာ iPhone နဲ့ မြန်ပေမယ့် Android ဖုန်း အချို့ကတော့ နှေးပါတယ်။ အခြားသော အားခပ်မြန်မြန်သွင်းလို့ ရတဲ့ နည်းလမ်းများ ရှိရင်လည်း comment မှာ Share ခဲ့ပေးပါ။
.
.