အရင်းအနှီးမလိုပဲ ငွေရှာနည်း free earning
zawgyi
SKIP AD ဈေးနှုန်း
POPADS ဈေးနှုန်း
BANNER ဈေးနှုန်း
unicode
အွန်လိုင်းငွေရှာ online earning Myanmar
အွန်လိုင်းကုန်းဆင်းကြမလားဗျ။ နည်းစနစ်လေးတစ်ခုတွေ့ထားပါတယ်။ ဒီနည်းလေးကို သူများတွေမလုပ်ကြသေးပါဘူး။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့တစ်တွေ ဟိုဟာ လိုက်ကလစ် ဒီဟာ လိုက်ကလစ် အတိုအစလေးတွေ လိုက်ကောက်နေရတာ မမိုက်ဘူးဗျာ။ တစ်ရက်ကို တစ်ဒေါ်လာလောက် နေ့တိုင်းဝင်ရင် တစ်လကို ဒေါ်လာ ၃၀ ဗျာ .. တစ်လကို လေးသောင်းလောက် အသားတင် ဝင်နေတဲ့ အလုပ်လေးတစ်ခုလောက်လုပ်ကြည့်ကြမယ်ဗျာ။ အရင်းမစိုက်ပဲနဲ့လေ။ ဝဘ်ဆိုက်လေးတစ်ခုထောင်ပြီး ကြောြ်ငာလေးတွေထည့်ထားမယ်ဗျာ။  popads. adfly adsterra yllix  propeller အစရှိတဲ့ ကြော်ငြာဆိုက်က ကုတ်တွေကို ယူပြီးတော့ ဝဘ်ဆိုက်မှာ ထည့်ထားရုံပါပဲ။ ပြီးရင် အချင်းချင်းလှည့်ကလစ်ကြမယ်ဗျာ။ တွက်ပုံတွက်နည်းလေးတွေရှိပါတယ်။ အောက်မှာလူသုံးများတဲ့ ADFLY ရဲ့စျေးနှုန်းလေးတွေကိုရေးပြထားပါတယ်။
SKIP AD စျေးနှုန်း
Country  Desktop CPM  Mobile CPM
Highest  Unique  Raw  Unique  Raw
Myanmar  $2.68  $1.13  $0.91  $0.60  $0.37
POPADS စျေးနှုန်း
Myanmar  $2.08  $0.46  $0.40  $0.54  $0.32
BANNER စျေးနှုန်း
Myanmar  $0.41  $0.29  $0.23  $0.30  $0.30
လူတစ်ထောင်ကို ၂ ဒေါ်လာလောက်ရနိုင်ပါတယ်။ ကိုယ်က google adsense က ကြော်ငြာကုတ်တွေထည့်မယ်။ ဒါမှမဟုတ်ရင် ADSTERRA ကကုတ်တွေထည့်မယ် ပြီးရင် POPADS လေးတွေလည်း ထည့်မယ်ဆိုရင် တစ်ရက်ကို ၂ ဒေါ်လာလောက်ရမယ်။ ဒါဆိုရင် တစ်လကို ခြောက်သောင်း ခုနှစ်သောင်းလောက် အသာလေးပဲဗျာ။ ဘာမှလည်း ဟဲဗီးကြီး ရင်းစရာမလိုဘူးလေ။ ဘာနည်းပညာမှလည်း သိပ်သိစရာမလိုဘူး။ ကိုယ်တွေလူစုပြီး အချင်းချင်း ဆိုက်လေးတွေ လည်ပတ်ကြ ကလစ်လေးတွေ နှိပ်ပေးကြ။ အေးဆေးပဲလေ။ စက်နဲ့နှိပ်ခိုင်းတာ မဟုတ်တဲ့အတွက် အဘန်းခံရမှာလည်း မဟုတ်ပါ။
တကယ်လို့စိတ်ဝင်စားတယ်ဆိုရင် အောက်မှာ ကွန်မန့်ပေးခဲ့ပါ။ ကျွန်တော်တို့ ဆက်သွယ်ဆွေးနွေးကြမယ်လေ။ ကျွန်တော်ကတော့  အလုပ်ဖြစ်မယ်လို့ထင်တယ်ဗျာ။ ဒီနည်းစနစ်လေးက ကောင်းလည်းကောင်းတယ်လေ လူစုဖို့ပဲ လိုတာလေ။ ဟုတ်တယ်မဟုတ်လား လူ တစ်ထောင်လောက် ဘယ်လို စုကြမလဲ စဉ်းစားနေတာဗျ။ စုဖြစ်တယ်ဆိုရင်တော့ တစ်လကို ဒေါ်လာ ၆၀ လောက် လူတိုင်းရကြမှာဗျ။ ဆယ်ယောက်ဆိုရင် ခြောက်ရာ တစ်ထောင်ဆိုရင် ငွေ ခြောက်ထောင်။ ဒေါ်လာခြောက်ထောင်ရမှာလေ။ နိုင်ငံခြားဝင်ငွေတွေရမှာဗျ။
အောက်မှာ သေသေချာချာလေး ဆက်ရှင်းပြဦးမယ်ဗျာ…။
ကျွန်တော်တို့တစ်တွေ Group လေးတစ်ခုဆောက်ပြီးတော့ လူတစ်ထောင်လောက် စုပြီးပြီဆိုရင် အဲ့လိုလုပ်လို့ရပြီ။ အခြေခံနည်းနည်းရှိတဲ့သူတွေ စုပြီးလုပ်ရင် အသာလေးရတယ်ဗျ။
ဒီလိုလုပ်ဖို့အတွက် လူစုဖို့လိုတာပေါ့လေ။ ပြီးသွားရင် ဖိုရမ်လေး တစ်ခု ဆောက်ကြပါမယ်။ ပြီးသွားရင် အဲ့မှာတိုင်ပင်ကြမယ်။ လူတစ်ထောင်လောက် ရှိရင်တော့ အဆင်ပြေတာပေါ့လေ။ လူတစ်ထောင်လောက်ရှိပြီဆိုရင်တော့ ငွေပိုရတာပေါ့လေ။ အနည်းဆုံးလူ ငါးရာလောက်တော့ ရှိသင့်ပါတယ်။ သိပ်တော့လည်း မလွယ်ပါဘူး။ နည်းပညာရှင်တွေ စုစည်းဖို့ခက်ခဲတာထက်စာလျင် မြန်မာပြည်မှာ နည်းပညာရှင်တွေ နည်းပါတယ်။ သူတို့တွေကလည်း Bitcoin တို့ mining တို့ပဲ လုပ်နေကြတာ။ ဒီလိုမျိုး advertising နဲ့ ငွေရှာတက်တဲ့သူ အရမ်းကို နည်းပါတယ်။ သေချာ ရှင်းပြပြီးမှ သူတို့ကို ဖိတ်ခေါ်လို့ရမှာပါ။
နောက်ပြီး အင်တာနက်ကို သုံးတက်သူတွေ ဖြစ်ရမယ်။ ဝဘ်ဆိုက်တစ်ခုတော့ ဆောက်တက်ရမယ်။ အနည်းဆုံးတော့ Blogger တော့ ဆောက်တက်ရပါမယ်။ မဟုတ်ရင်တော့ အဆင်မပြေပါဘူး။ အစကနေ သင်ပေးရမယ်ဆိုရင် အချိန်တွေ အရမ်းကုန်သွားမှာပါ။ ဒီတော့ နည်းပညာသမားတွေကိုပဲ ဖိတ်ခေါ်ရပါမယ်။
ဒီနည်းကို Cheating အတွက်ပဲ သုံးမှာ မဟုတ်ပါ။ နောက်ပိုင်း လူလေးရာ ငါးရာလောက် စုံလာပြီဆိုရင်တော့ လူတိုင်းရဲ့ အကြံလေးတွေထွက်လာမှာပါ။ သူတို့အကြံကောင်းလေးတွေနဲ့လည်း ရှေ့ဆက်ပြီးလုပ်လို့ရပါတယ်။ ပြီးရင် သူတို့ FACEBOOK တွေကနေ တစ်ဆင့် ကိုယ့် Page လည်း လူသိလာအောင် မျှတ ကြော်ငြာပေးလို့ရပါတယ်။ နိုင်ငံခြားမှာတော့ ဒီစနစ်ကို Botting လုပ်တယ်လို့ခေါ်ပါတယ်။ စက်တွေနဲ့လုပ်တာပေါ့လေ။ ဒါပေမဲ့လည်း ဒါက Risky ဖြစ်ပါတယ်။ မြန်မာပြည်က လူတွေအတွက် စက်တွေကို ပေးမကိုင်သေးပဲ ကျွမ်းကျင်တဲ့သူတွေအတွက်ပဲ လုပ်ပေးတာ အဆင်ပြေပါတယ်။ အဖွဲ့အစည်းနဲ့ Marketing ဆင်းတဲ့ ပုံစံမျိုးပေါ့ဗျာ။ ဒီလိုလေး စိတ်ဝင်စားတဲ့သူတွေရှိရင်လညး် ပါဝင်နိ်ုင်အောင် တစ်ယောက်ချင်းစီရဲ့ Facebook ကနေ ပြန်ပြီး  ရှယ်မယ်ဆိုရင် လူတစ်ထောင် ခဏလေးနဲ့ ပြည့်ပါတယ်။တစ်ခုတော့ ရှိတယ်ဗျာ။ ရွာသားတွေ ပါမလာအောင် လုပ်မှ ဖြစ်မယ်။ သူတို့တွေက မြွေကို ရှယ်ရင်လဘ်ကောင်းတယ်ပြောမဲ့သူတွေ ။. ပြီးရင် သူတို့ ဓါတ်ပုံတွေကို မဆီမဆိုင် ရှယ်ကြမှာ။ ဒီတော့ လုံခြုံရေး Question ကို မြှင့်ထားပြီးတော့ လူလက်ခံရပါမယ်။
ပြီးရင် တကယ်တက်ကျွမ်းတဲ့ ပညာရှင် အွန်လိုင်းမှာ အမြဲတမ်းလိုလို ရှိနေမဲ့ ဆရာတစ်ယောက်ပေါ့။ သူက ဒါတွေကို ဒိုင်ခံဖြေပေးရမှာဖြစ်ပါတယ်။ လိုအပ်တဲ့ Technical Problems တွေကို Solve လုပ်ရမှာပါ။ တစ်လကို ခြောက်သောင်း ခုနှစ်သောင်း အသာလေး ကျိန်းသေဝင်ပါတယ်။ ဒီလိုဝင်ငွေရဖို့အတွက်လည်း ငွေဘယ်လောက်မှ ရင်းနှီးဖို့မလိုပါဘူး။ ခေါင်းရှိပြီး တီထွင်အားကောင်းရင် ကောင်းသလို ငွေဝင်လာမှာပါ။ ကိုယ့်ရဲ့ Page နဲ့ Websites တွေလည်း လူသိများလာပါမယ်။ Bounce rate တက်လာမယ်။ Impression တက်လာပါမယ်။ Reputation လည်း မြင့်လာမှာ ဖြစ်သလို့ Click rate လည်းတက်လာမှာ ဖြစ်တဲ့အတွက်
Cpm တွေလည်းတက်လာမှာ ဖြစ်ပါတယ်။ ပြီးတော့ တစ်ခြား Services တွေကိုလည်း Offer ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုပေးနိုင်မလဲ ရှင်းပြပေးပါမယ်။ ကိုယ့်ဆီမှာ ကြော်ငြာထည့်ခွင့်ပေးလိုက်ပါ။ ကိုယ့်ရဲ့ဆိုက်မှာ Banner အလွတ်လေးတစ်ခု တင်ထားလိုက်ပါ။ လူဘယ်နှစေ်ယာက်Like or share လုပ်ရင် ဘယ်လောက်ဆိုပြီး ကြော်ငြာလိုက်ပါ။ ဒါဆိုရင် လာကြော်ငြာတဲ့သူရှိလာမယ်။ အဲ့က ရတဲ့ပိုက်ဆံနဲ့ ကိုယ့်ဝဘ်ဆိုက်လေးကို လည်ပတ်စေလို့ရပါတယ်။ ပြီးသွားရင် ကိုယ့်ဆိုက်မှာလည်းFacebook Widget လေးထားပေါ့။ လူများများ လာရှယ်နိုင်အောင်လေ။
ကိုယ်က Facebook မှာလည်း Boost လေးလုပ်ပေး ကြေငြာပေးပေါ့ ။ ဒီလိုနဲ့လူတွေများလာမှာပါ။ တစ်ခုတော့ ရှိတယ်လေ စည်းကမ်းတွေကို အရမ်းကြီး မကျော်သွားနဲ့ပေါ့။ Bot အကြီးကြီးတွေလုပ်တာမျိုးကိုတော့ ရှောင်ရမယ်လေ။ တရားမဝင်တာတွကိုသိပ်မလုပ်တော့ ရေရှည်ရပ်တည်ဖို့အဆင်ပြေတာပေါ့။
နောက်တစ်ခုကတော့ ကိုယ်က သေသေချာချာ သိနေရမဲ့ အချက်တွေရှိပါတယ်။ Cpm က ဘာလဲ Rate ကဘယ်လောက်လဲ Ratio က ဘယ်လိုလဲ ငွေစျေးအတက်အကျ နဲ့ မြန်မာငွေလဲလှည်နှုန်း …။ ဒါတွေကို သိနေရပါမယ်။ ပြီးရင် အရိုးသားဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ပြန်လည်ရှင်းပြတက်ရပါမယ်။ ရိုးသားဖို့လိုပါတယ်။ အွန်လိုင်းမှာ ကြည့်လိုက်ရင် မြန်မာတွေ အချင်းချင်း ချင်း ထည့်နေတာ သိပ်များတယ်။ ဒေါ်လာ ၂၀ ရှယ်တာနဲ့ရ အကောင့်ဆောက်တာနဲ့ ငါးဒေါ်လာ … မရပါဘူးဗျာ။ အဲ့လိုသာ ရရင် မြန်မာပြည်ကြီးချမ်းသာတာ ကြာပြီပေါ့။ ဟုတ်တယ်မဟုတ်လား။ နိုင်ငံခြားက သူတွေကတော့ ထားပါ။ သူတို့တွေက နိုင်ငံကြီးသမားတွေ အိုင်ပီ အလန်းကြီးတွေ ဘဏ်ကတ်တွေလည်းသုံးနိုင်တယ်။ ကိုယ်တွေနိုင်ငံမှာ က ဖုန်းလေးနဲ့ အိမ်မှာ ထိုင်ပြီးရှာစားနေရတာ။ အဲ့ဒါကို ပေါက်ကရ အကြီးကြီးတွေပြောပြီးတော့ ချင်း ထည့်နေတာတွေက မကောင်းပါ။ စလုပ်တဲ့ သူတွေ အများကြီးလန်သွားကြတယ်။ ထင်သလောက်မရဘူး အချိန်ပေးသလောက် ပြန်မရဘူးလေဗျာ။ ဘာလို့ အချိန်ပေးနေမှာလဲ။ ကျွန်တော်ပြောတဲ့နည်းကတော့ ခင်ဗျားတို့ငွေလည်း ရင်းစရာမလိုဘူုးလေ အချိန်ပဲရင်းရမှာ။ အဲ့အချိန်ကလည်း နေ့တိုင်း အများကြီးလုပ်နေစရာလည်းမလိုဘူး။ ပို့စ်လေးငါးခု တင်ထားပြီးတော့ ကိုယ့်ဆိုက်မှာ လူလေး နည်းနည်းဝင်နေအောင် fB ကနေ ရှယ်ပေးနေရုံပါပဲ။ ဒီလောက်တော့ ရင်းရပါမယ်။တက်နိုင်ရင် တစ်ခြားဆိုက်က မြန်မာလို အင်္ဂလိပ်လိုရေးထားတဲ့ ပို့စ်တွေကို ဆယ်ခု အထက် တင်ပေးထားရင် ပိုမိုက်တာပေါ့လေ။ ပုံမှန် လူလေးတွေလည်း ဝင်နေစေဖို့ ရှယ်လည်းရှယ် Like လည်း လုပ်ခိုင်းပေါ့လေ။ ဒီလိုနည်းနဲ့ လူလေးတွေ လာနေတယ်လို့ သူတို့ သိနေဖို့လိုတယ်လေ။
Google adsense ကို သုံးမယ်။ adsterra ကိုသုံးမယ်။ Propeller ကိုသုံးမယ်။ Popads နဲ့ Yllix တို့ကို ထည့်မယ်။ အစမှာ စမ်းကြည့်ရမယ်လေ။ ဘယ်Code တွေက ငွေပိုရလဲဆိုတာကို သိနေရမယ်။ ပြီးရင် နှစ်ခုထည့်တာထက် သုံးခုထည့်တာ ငွေပိုရစေသလား . မရစေဘူးဆိုရင် နှစ်ခုလောက်ပဲထည့်မယ်။သေချာတာကတော့Banner လေးတွေ ခပ်များများ သုံးရမယ်။ Header မှာ 720×90 နှစ်ခုထည့်မယ်။ Native ads 300×300 နှစ်ခုထည့်မယ်။  Footer မှာလည်း အဲ့လိုမျိုး ထပ်မယ်။ ဒါဆိုရင် ဘေး Side bar အတွက်ပဲလိုတော့တယ်။ ဘေးမှာကတော့ 90×720 ထည့်မယ်။တစ်ခုထက်ပိုထည့်လို့ရရင် ထည့်။ မရရင် နောက်ထပ် 300×300တစ်ခုထည့်မယ်။ Popads ကုတ်ကိုကျတော့ Headerမှာထည့်ပါမယ်။ ပြီးရင် adfly နဲ့ တွဲသုံးချင်ရင်လည်း အဆင်ပြေပါတယ်။ ကိုယ်က adsterra ကို ကြိုက်တယ်ဆိုရင်တော့ adfly နဲ့ adsterra တို့ကို တွဲသုံးပါ။ မဟုတ်ဘူးဆိုရင်တော့ popads တစ်မျိုးတည်းသုံးပါ၊
ငွေဝင်လမ်းတော့ ဟုတ်ပါပြီ၊ ငွေထုတ်ဖို့အတွက် အကောင့်တွေရှိနေရပါမယ်။ ဒီအတွက် Paypal ဒါမှမဟုတ်ရင် Perfect အကောင့်တစ်ခုတော့ ရှိဖို့လိုအပ်ပါတယ်။ တကယ်လို့များကိုယ်က အကောင့်ဆောက်ဖို့ ခက်နေတယ်ဆိုရင်တော့ payapl အကောင့်တစ်ခုတည်းရဲ့အောက်မှာပဲ ဝဘ်ဆိုက် လေး ငါး ဆယ်ခုလောက် ပေါင်းပြီးထည့်ထားရပါမယ်။ လကုန်တဲ့အခါ အချင်းချင်း တွကချက်ပြီး ထုတ်ကြပေါ့။ ပြီးရင် မြန်မာငွေ လဲပြီး ပြန်ရှယ်ကြပေါ့။ ဒီလိုလေးဆိုရင် ငွေခေါင်းလည်း မကွဲတော့ဘူးပေါ့လေ။
paypal ကတော့ တော်တော်များများသုံးတာမို့လို့ Paypal သုံးဖို့ ပိုပြီးတော့ အားပေးပါတယ်။ ဒီလိုလေး လုပ်ရင်လည်းရပါတယ်။ ကိုယ်က နိုင်ငံခြားက ip တစ်ခုကိုဝယ်ထား . ပြီးရင် အဲ့ကနေပြီးတော့ ကိုယ်ဆောက်ထားတဲ့ Paypal ကိုဝင်ရပါမယ်။ ဒါဆိုရင် ပိုပြီးတော့ လုံခြုံပါတယ်.။ကိုယ်က ထိုင်း အိုင်ပီနဲ့ အကောင့်ဆောက်ထားရင် ထိုင်း အိုင်ပီနဲ့ Proxy ဒါမှမဟုတ်ရင် Online computer တစ်ခုဝယ်ထားလိုက်ပါ။ အဲ့လိုဆိုရင် အဘန်း်မခံရတော့ပါဘူး။ မြန်မာနိုင်ငံကိုတော့ Us က  ပိတ်ထားတဲ့အတွက် Paypal က သုံးလို့မရပါ။ Perfect ကတော့ ဖွင့်ရတာ သုံးရတာအဆင်ပြေပေမဲ့လည်း  တစ်ချို့ Company တွေက Paypal ဒါမှမဟုတ်ရင် Payza ပဲ သုံးကြတဲ့အတွက်အဆင်မပြေလှပါ။ ဒီတော့ လူတိုင်း ကိုယ့်မန်ဘာတိုင်း Paypal တစ်ခုစီလောက်တော့ ရှိနေသင့်ပါတယ်။ မြန်မာပြည်ကနေ အခကြေးငွေယူပြီးဆောက်ပေးတဲ့ ဝန်ဆောင်မှု့တွေလည်း ရှိပါတယ်။ ဒါတွေကလည်း ငွေကြေးကုန်ကျမဲ့ အပေါက်တွေမို့လို့ ကိုယ်တွေကို အဲ့ဝန်ဆောင်မှု့ကလူတွေလို့ ထင်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သားတွေက ချင်းကို အရမး်လန်းနေကြပြီလေ။ ကိုယ်က သူတို့ အချိိန်ကလွဲရင် ဘာကိုမှ မတောင်းဆိုမိအောင် သတိထားပေးရမယ်။ တကယ်လည်း သူတို့တက်နိုင်တာ အချိန်ပါပဲ။
နောက်ပြီးတော့ ဝဘ်ဆိုက်ဆောက်ပု့ံလေးတွေကို အခြေခံအားဖြင့် သိနေရပါမယ်။ တကယ်လို့ သူတို့မသိဘူးဆိုရင်တောင် သူတို့ blogger လောက်တော့ သုံးတက်ရမယ်လို့ ဆိုထားခဲ့ပါတယ်။ ပြီးရင် ကျွမ်းကျင် အဆင့်ရှိတဲ့လူတွေကို စကာတင် ဖယ်ထားရပါဦးမယ်။ သူတို့တွေကို ဆိုက်မဆောက်တက်တဲ့သူတွေကို ပထမတစ်ကြိမ် ကူညီပြီးဆောက်ပေးဖို့ ပြောရပါမယ်။ ဒါပေမဲ့ ဆောက်ပေးတာ အပြင် တစ်ခြား ဟာတွေပါ လုပ်ဖို့ လိုအပ်ပြီဆိုရင်တော့ အဲ့ဒီဆိုက်ပိုင်ရှင်က အဲ့ဒီ ပညာရှင်ကို ငွေသား ဒါမှမဟုတ်ရင် ဖုန်းကတ် ထောက်ပံံ့ပေးရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်သူက သူ့အချိန်တွေကို ဖဲ့ပြီးသုံးပေးရတာဖြစ်တဲ့အပြင် ကိုယ့်လို မတက်သေးတဲ့ သူတွေ အများကြီးကို ကူညီပေးရတာကြောင့်ဖြစ်ပါတယ်။ တကယ်လို့ကိုယ်က ဝဘ်ဆိုက်လည်း ဆောက်တက်တယ်။ ကုတ်လည်း ထည့်တက်တယ်။ Paypal ဆောက်တက်တယ်ဆိုရင်တော့ ကိုယ်တိုင် ဆောင်ရွက်နိုင်သလို တစ်ခြားသူတွေကို အခမဲ့ ကူညီနိုင်သလို ငွေကြေးနဲ့ ကူညီနိုင်ပါတယ်။
ကျွန်တော်အပေါ်မှာ တော်တော်များများရှင်းပြပေးထားပါတယ်။ မသိတာတွေရှိရင် စာပို့ပြီးမေးလို့ရပါတယ်။ ကွန်မန့်မှာ စာရေးထားခဲ့လို့ရပါတယ်။ နောက်ပိုင်းပို့စ်တွေမှာလည်း ကြော်ငြာတွေရဲ့ သဘောသဘာဝနဲ့ ဝင်ငွေ ဘယ်လောက်ရှိနိုင်မလဲ ငွေဘယ်လောက်ရင်းရင် ဘယ်လောက်ရမလဲဆိုတာတွေကို သင်ပြပေးသွားပါမယ်။
@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay
- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -